Back to All Events

Steps to do in June & July for US & UK University Application

  • Yankin Heights Rooftop Restaurant 29 Aung Zeya Road Yangon, Yangon Region Myanmar (Burma) (map)

၁၀ တန်း၊ O’/ A’ Levels၊ Grade 10/11/12 စတာတွေ တက်ရောက်နေပြီး၊ နိုင်ငံခြားတက္ကသိုလ်တက်ရောက်ဖို့ စဉ်းစားနေပြီဆိုရင်တော့ အခု June လနှင့် July လတွေမှာ စတင်ပြင်ဆင်ဖို့ကအရေးကြီးပါတယ်။

နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် နောက်ဆုံးလျှောက်ထားရမည့်နေ့များဖြစ်သော ‘deadlines’ စာရင်းတွေက စတင်ထုတ်ပြန်နေပြီဖြစ်ပြီး၊ အခုမှစ၍ ရေတွက်လျှင် Early Action/ Early Decision နဲ့‌ လျှောက်ထားရန် ၆ လသာ အချိန်ကျန်ပြီး၊ Regular Decision နဲ့ လျှောက်ထားရန် ၈ လသာ အချိန်ကျန်တော့မှာပဲ ဖြစ်ပါတယ်။

US/ UK/ Australia/ Canada စသည့်နိုင်ငံများနှင့် အခြား ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်နိုင်ရန်အပြင်၊ ပညာသင်ဆုများကိုလည်း ရရှိနိုင်အောင် ဘာတွေလုပ်ရမလဲဆိုတာကို တစ်နေရာတည်းမှာ အသေးစိတ်သိရှိလေ့လာနိုင်ရန်၊ Success Admissions Center က ပြုလုပ်မယ့် seminar လေးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

Seminar မှာတော့ US ရှိ Ivy League တက္ကသိုလ်မှ Bachelor Degree ရရှိခဲ့ပြီး၊ UK ရှိ Oxford တက္ကသိုလ်မှ Master Degree ရရှိခဲ့တဲ့ ဆရာက ဆွေးနွေးပေးသွားမှာဖြစ်ပြီး၊ သိလိုသမျှကိုလဲ ဆရာနှင့် အမေးအဖြေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Seminar တက်ရောက်သူတိုင်းအား၊ ကော်ဖီ၊ မုန့်တို့ဖြင့် ဧည့်ခံမည့်အပြင်၊ တစ်ကြိမ်လျှင် ငွေကျပ် 50,000 ကျသင့်သော၊ ဆွေးနွေးမှု တစ်နာရီစာကို အခမဲ့ရယူနိုင်တဲ့ exclusive လက်ဆောင်များလဲ ပေးမှာမို့လို့၊ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ လူဦးရေ ကန့်သတ်ချက်ရှိတာမို့လို့၊ တက်ရောက်လိုပါက မြန်မြန်လေး စာရင်းပေးသွင်းဖို့ အကြံပြုပါတယ်နော်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတာက ဘဝမှာတစ်ကြိမ်သာ ရရှိတဲ့အခွင့်အရေးလို ဖြစ်တာကြောင့်၊ ကိုယ့်စိတ်ကူးထဲက အိပ်မက်တက္ကသိုလ်ကို တက်ရောက်နိုင်ရန် တစ်ကြိမ်သာကြိုးစားခွင့် ရမှာပါ။ ဒါကြောင့် သင်ကိုယ်တိုင် (သို့) သင့်သားသမီးများကို ကျောင်းလျှောက်ခြင်းဆိုင်ရာ လိုအပ်သောကိစ္စရပ်များ၊ ကျောင်းလျှောက်ထားနည်းဗျူဟာများ၊ စာမေးပွဲပြင်ဆင်မှုများ၊ personal statement နှင့် essays ရေးနည်းများအပြင် လိုအပ်သော extracurriculars များနှင့် အင်တာဗျူးဖြေရန်လေ့ကျင့်မှုများအတွက် one-stop service များ ရယူရန် Success Admissions Center ကိုဆက်သွယ်လိုက်ပါ။

Seminar ကို တက်ရောက်ရန် 09-88 101010 2 ကို ဖုန်းခေါ်ဆို၍ (သို့) Success ရဲ့ Messenger ကို စာပို့၍ register ပြုလုပ်နိုင်ပါတယ်။

Previous
Previous
May 22

5 Steps to Prepare for University Applications

Next
Next
June 16

3 Secrets to Acing the University Admissions Application Essay