Back to All Events

3 Secrets to Acing the University Admissions Application Essay

  • Success Admissions Center 29 Aung Zeya Road Yangon, Yangon Region, 11081 Myanmar (Burma) (map)

စိတ်ကူးထားတဲ့ အိပ်မက်တက္ကသိုလ်ကိုသွားချင်ပေမယ့် ဘယ်ကနေ စရမှန်း မသိဘူးဖြစ်နေလား? တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရတာဟာ အာရုံစူးစိုက်ပြီး ဂရုစိုက်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ၊ ဒီလုပ်ငန်းစဉ်ကို ရှေ့ကနေနေမ်းပြပေးမယ့်သူမရှိရင် လုပ်ဆောင်ရတာ မလွယ်ကူပဲ အာရုံတွေ ထွေပြားစေနိုင်ပါတယ်။ အကယ်၍ ဒါမျိုးဖြစ်စဉ်ကြုံတွေ့နေပြီဆိုရင်တော့ စိတ်မပူပါနဲ့တော့။ Success Admissions Center က ပြုလုပ်မယ့် “Writing Workshop” - essay ရေးနည်းဆိုင်ရာအစီအစဉ်မှာ ပါဝင်ပြီး၊ စာရေးရန် အတွေးအခေါ်အသစ်များ စဉ်းစားနိုင်မယ့် အခွင့်အရေးကို ရယူလိုက်ပါ။ ဒီ workshop မှာ အကြောင်းအရာတစ်ခုကို ဖြန့်ကျက်ပြီးစဉ်းစားနိုင်မည့်အပြင်၊ မိမိအတွေးအခေါ်များကို ဆရာနဲ့ မျှဝေနိုင်သလို၊ အခြားကျောင်းသားများနဲ့လဲ မျှဝေနိုင်မှာပါ။

စဉ်းစားစရာဖြစ်သွားပြီလား? စိတ်မပူပါနဲ့၊ ဒီ workshop အချိန်အတွင်းမှာ ရေးသားစရာနဲ့ အတွေးအခေါ် အသစ်တွေကို အတူတူစဉ်းစားပြီး ကိုယ်တိုင် ရေးသားရမှာ ဖြစ်တာကြောင့်၊ မေ့ကျန်ခဲ့တာမျိုးလဲ မဖြစ်တော့ဘူးလေ။ Essay များ ရေးသားပြီးချိန်မှာတော့၊ Ivy League တက္ကသိုလ်မှ Bachelor ဘွဲ့ရရှိခဲ့ပြီး၊ Oxford တက္ကသိုလ်မှ Master ဘွဲ့ ရရှိခဲ့တဲ့၊ ဆရာသော်ဇင် ကိုယ်တိုင်က တစ်ယောက်ချင်းစီရေးသားထားသော essay ကို စစ်ဆေးပြီး၊ လိုအပ်သော အချက်များကို ထည့်သွင်းပြင်ဆင်ရန် သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီလို အချိန် (၂) နာရီကြာမယ့် workshop မှာ ပါဝင်ခြင်းအားဖြင့် ဘာအကျိုးတွေရှိမလဲ?
၁) နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာမှာ မဖြစ်မနေရေးရမယ့် narrative-style essay တွေ ရေးတတ်မယ်။
၂) မေးခွန်းအခြေခံပြီး အချက်အလက်နဲ့ ရေးသားရတဲ့ essay မျိုးအတွက် အချက်အလက်ချတတ်မယ်။
၃) Essay မူကြမ်းခွဲထုတ်တတ်မယ်။
၄) Essay တစ်ပုဒ်မှာ အရေးကြီးတဲ့ style၊ rhythm၊ tone တွေကို ဘယ်လိုပါဝင်အောင်ရေးရမလဲဆိုတဲ့ အကြံဉာဏ်ကောင်းများ ရရှိလာမှာလဲ ဖြစ်ပါတယ်။

ဒီ Writing Workshop လေးကို စိတ်ဝင်စားတယ်၊ ပါဝင်ချင်တယ်ဆိုရင်တော့၊ Success Admissions Center 09 88 101010 2 ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ messenger မှ စာပို့၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။ Workshop တစ်ခုမှာ ကျောင်းသား (၆) ယောက်အထိသာ အများဆုံး လက်ခံတာကြောင့် မြန်မြန်လေး စာရင်ပေးသွင်းဖို့တော့ လိုအပ်ပါတယ်။ Workshop ကလဲ “အခမဲ့” ဆိုတော့ ကျောင်းသားများအတွက် အဆင်ပြေတာပေါ့။

Previous
Previous
May 28

Steps to do in June & July for US & UK University Application

Next
Next
June 26

How to Nail the US& UK University Admissions Essays (Webinar)