Thaw Zin

Founder & Admissions Counselor at Success

Thaw Zin Aung Gyi is the founder and chief admissions counselor of Success Admissions Center. Thaw Zin first attended the University of Southern California (USC) from 2011 to 2013 where he studied public policy and law. Afterwards, he transferred to Brown University, an Ivy League college, where he studied development studies. He graduated from Brown University in 2015 with honors, magna cum laude, and was elected to Phi Beta Kappa, the oldest and most prestigious academic honor society in the United States. After Brown, Thaw Zin attended the University of Oxford, founded in the year 1096 and ranked #1 university in the world, where he studied Master of Public Policy. He graduated from Oxford in 2016. 

After some time in the UK and US, Thaw Zin came back to Myanmar, and founded Success Admissions (then known as Success Education) in 2019. Since the founding, Success has helped nearly 100 students gain admissions to the world’s best universities, including several Ivy Leagues (such as UPenn, Dartmouth, Columbia, Cornell, Princeton) and other top universities in the US and UK (such as Northwestern, UCLA, UC Berkeley, USC, SOAS, UCL, University of Warwick, University of Manchester, University of Edinburgh, and more). In total, students from Success have received scholarship offers worth millions of dollars. 

Thaw Zin is passionate about helping students gain admissions to universities across the world, and aims to make Success Admissions the one-stop center for admissions. With Success, you can be sure to succeed! 

In Burmese below

ဆရာသော်ဇင်အောင်ကြီးသည် Success Admissions Center ၏ တည်ထောင်သူတစ်ဦးဖြစ်ပြီး၊ ပညာရေးဆွေးနွေးအကြံပေးသူတစ်ဦးလည်း ဖြစ်ပါသည်။ ဆရာသည် Brown University၊ Oxford University အစရှိသော ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့ပါသည်။ University of Southern California (USC) တွင် 2011 ခုနှစ် မှ 2013 ခုနှစ် အထိ Public Policy and Law ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပြီးနောက်၊ Ivy League တက္ကသိုလ် တစ်ခုဖြစ်သော Brown University တွင်  Development Studies ဘာသာရပ်ကို ဆက်လက်သင်ယူခဲ့ပါသည်။ 

2015 ခုနှစ်တွင် Brown University မှ ဂုဏ်ထူးများဖြင့် ဘွဲ့ရခဲ့ပြီး ဆရာ၏ထူးချွန်ထက်မြတ်မှုများကြောင့် အမေရိကန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး ပညာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Phi Beta Kappa ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ထို့နောက် 1096 ခုနှစ်ကတည်းကစတင် တည်ထောင်ခဲ့ပြီး၊ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် တစ်ခုဖြစ်သော Oxford University မှလည်း Master of Public Policy ဘာသာရပ်ဖြင့် 2016 ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပါသည်။ 

ဆရာသည် US နှင့် UK နိုင်ငံတို့တွင် ပညာဆည်းပူးပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး 2019 ခုနှစ်မှ စတင်၍ Success Admissions Center ကို (ယခင် Success Education) စတင်တည်ထောင်ကာ ပညာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။ စတင်တည်ထောင်ချိန်မှ စတင်၍ ကျောင်းသားပေါင်း ၁၀၀ ကျော်ကို Ivy Leagues (such as UPenn, Dartmouth, Columbia, Cornell, Princeton) တက္ကသိုလ်များ အပါအဝင်၊ US နှင့် UK နိုင်ငံတို့ရှိ အခြား ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ ဖြစ်ကြသော (such as Northwestern, UCLA, UC Berkeley, USC, SOAS, UCL, University of Warwick, University of Manchester, University of Edinburgh, and more) သို့ ဝင်ရောက်ခွင့် ရရှိအောင် လမ်းညွှန်သင်ကြားပြသပေးခဲ့ပါသည်။ Success နှင့် လက်တွဲခဲ့သော ကျောင်းသား ကျောင်းသူများသည် ‌ဒေါ်လာ သိန်းချီတန်သော ပညာသင်ဆု အခွင့်အလမ်းများစွာလည်း ရရှိခဲ့ပါသည်။

ဆရာသည် ကမ္ဘာအဝှမ်းရှိ အကောင်းဆုံး တက္ကသိုလ်များသို့ ကျောင်းသားကျောင်းသူများ ဝင်ခွင့်ရရှိနိုင်ရန်အတွက်၊ လမ်းညွှန်ပြသပေးဖို့ စိတ်အားထက်သန်သည့် အပြင် Success Admissions Center ကိုလည်း နိုင်ငံခြားတက္ကသိုလ်လျှောက်ထားခြင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များအားလုံးကို တစ်နေရာတည်းမှာပင် ကူညီဆောင်ရွက်ပေးနိုင်သည့် နေရာတစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ထားပါသည်။  Success နှင့် သာဆိုရင်တော့ သင်အောင်မြင်မှုရရှိဖို့ သေချာနေပါပြီ။