Click Here For English

Apply with Success

သင်ရိုးညွှန်းတမ်း

ဂျူနီယာနှစ်မှစတင်၍ ကောလိပ်လျှောက်လွှာ တင်လိုသော ကျောင်းသူ ကျောင်းသားများအတွက် ကောလိပ်လျှောက်ထားခြင်းဆိုင်ရာ လမ်းစဥ် အကြံဉာဏ်ပေးသည့် ပက်ကေ့ချ်။ Success သည် ကျောင်းသား ကျောင်းသူများ၏ ရည်မှန်းချက်များနှင့် အိပ်မက်များကို တန်ဖိုးထားလျက် ကျောင်းသားများအား အကောင်းဆုံး နည်းလမ်းကို လမ်းညွှန်ပေးပါမည်။ Success ၏တစ်ဦးချင်းစီအလိုက် အကြံဉာဏ်ပေးခြင်း ဝန်ဆောင်မှုသည် ကျောင်းသား ကျောင်းသူများ ၏ထူးခြားသော ပင်ကိုယ် အရည်အသွေးများကို ပိုမို ပေါ်လွင်လာစေကာ ကောလိပ်ဝင်ခွင့် အရာရှိများထံသို့ ပြီးပြည့်စုံသော လျှောက်လွှာ များ တင်သွင်းလျှောက်ထားနိုင်စေမည်ဖြစ်သည်။

သင်ကြားပေးမည့်အကြောင်းအရာများ

  1. Success ၏ ပညာရေးအကြံပေးများနှင့်အတူ အချိန်အကန့်အသတ်မရှိဆွေးနွေးနှိုင်ခြင်း

  2. စနစ်တကျ ရွေးချယ်ထားသော ကောလိပ် များအတွက် ကောလိပ်လျှောက်လွှာဖန်တီးခြင်း

  3. ကောလိပ် လျှောက်ထားရာတွင် အသုံးပြုရသော Common App, UC App များ တည်ဆောက်ခြင်း။

  4. Common App Essay, UC essays, college supplementals, scholarship essays, နှင့် UK & Aussie personal statement များ စနစ်တကျ တည်းဖြတ်ပြင်ဆင်ခြင်း။

  5. သင်ရိုးပြင်ပလှုပ်ရှားမှုများ ဖန်တီးခြင်း။

  6. Intern ရှာဖွေခြင်း နှင့် သင်ရိုးပြင်ပ အခွင့်အလမ်းများအတွက် Success တွင် Internship (အလုပ်သင်) လုပ်ဆောင်ခြင်း

  7. အသက်မွေးဝမ်းကြောင်း ပညာရပ်အတွက် ကောလိပ် ‌‌ရွေးချယ်ခြင်း

  8. အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေခြင်း

  9. ကောလိပ် အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ခြင်း

  10. ပရော်ဖက်ရှင်နယ်တကျ ကိုယ်ရေးရာဇဝင်ရေးသားခြင်း

  11. နယ်ပယ်တစ်ခုတွင် အောင်မြင်မှုရရှိထားသော လုပ်ငန်းခွင်ကျွမ်းကျင် ပညာရှင်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ခြင်း

  12. နိုင်ငံခြား ကောလိပ်များတွင် တက်ရောက်နေသော ကျောင်းသားများနှင့် ချိတ်ဆက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေခြင်း

သင်တန်းကာလ - တက္ကသိုလ် လျှောက်လွှာတင်သည့် အချိန်တစ်လျှောက်လုံး ပါ၀င်ပါသည်။

သင်တန်းကာလတစ်လျှောက်တွင်

January, February, March

  • ကောလိပ်လျှောက်လွှာ ရှင်းလင်းခြင်း။

  • မှန်ကန်သောကျောင်း ရွေးချယ်ခြင်း။

  • ကျောင်းသား၏ ကိုယ်ရည်ကိုယ်သွေး နှင့် အားသာချက်များကို ရှာဖွေခြင်း။

  • လက်ရှိ ကောလိပ်တက်ရောက်နေသော ကျောင်းသားများနှင့်တွေ့ဆုံကာ ကောလိပ်ကျောင်းသားဘ၀ဖြတ်သန်းမှု အတွေ့အကြုံနှင့် ကျောင်း၏ ဓလေ့ထုံးတမ်းစဥ်လာ ယဥ်ကျေးမှု အကြောင်း လေ့လာခြင်း။

April, May

  • နိုင်ငံတစ်ခုချင်းစီရှိ တက္ကသိုလ်များ‌အတွက် ပြင်ဆင် ‌‌‌ရေးသားထားခြင်း။

  • Internship ( အလုပ်သင် ) အခွင့်အလမ်းများ ရှာဖွေရွေးချယ်ခြင်း။

  • ကိုယ်ရေးရာဇဝင်နှင့် သင်ရိုးညွှန်းတမ်းပြင်ပ ပရိုဖိုင်ကို တည်ဆောက်ခြင်း။

  • ကောလိပ် Essay အတွက် ရေးသားခြင်း။

June, July, August

  • စီနီယာနှစ်မတိုင်မီ နွေရာသီအတွက် Internship လျှောက်ထားခြင်း

  • Common App Essay ၊ ဖြည့်စွက်စာစီစာကုံးများ၊ ကိုယ်ရေးကိုယ်တာ ဖော်ပြချက် (အမေရိကန်နှင့် Aussie) မူကြမ်းများစွာကို ရေးသားခြင်းနှင့် တည်းဖြတ်ခြင်း

  • အသက်မွေးဝမ်းကြောင်း လမ်းကြောင်းများအကြောင်း ပိုမိုနားလည်ရန် လုပ်ငန်းခွင်ကျွမ်းကျင် ပညာရှင်များနှင့် ချိတ်ဆက်ဆွေးနွေးခြင်း။

September, October

  • Early Decision, Early Action အတွက် ‌ ‌‌‌‌ရေးသားခြင်း

  • မိဘများနှင့်အတူ ဘဏ္ဍာရေးရှင်းတမ်းများ ပြင်ဆင်ခြင်း (ဘဏ်ရှင်းတမ်း၊ ကုမ္ပဏီ၏ အရှုံးအမြတ်စာရင်းရှင်းတမ်း၊ မြေယာ ပိုင်ဆိုင်မှုအထောက်အထား)

  • နောက်ဆုံး deadlineရက်တွင် UC Essayများကို အပြီးသတ်ဖန်တီးခြင်း

  • UK၊ US နှင့် Australia ရှိ 1st နှင့် 3rd party ပညာသင်ဆုများကို သုတေသနပြုခြင်း။

November, December

  • UK၊ Australia နှင့် US အတွက် ပညာသင်ဆု အက်ဆေးများ ရေးသားခြင်း

  • ကောလိပ် အင်တာဗျူးအတွက် ပြင်ဆင်ခြင်း

  • ဖြည့်စွက် အက်ဆေးများကို ပြန်လည်ဖတ်ရှုပြီး အပြီးသတ်ခြင်း


Discounted Price: ငွေကျပ် 65 သိန်း ( 35% discount လျော့ပြီး) Actual Price: ငွေကျပ် 100 သိန်း

ငွေပေးချေမှု အစီအစဥ်

ပထမအရစ် : အတန်း စတင်တက်ရောက်သော 1st session တွင် ငွေကျပ် ၁၀ သိန်း

ဒုတိယအရစ် : အတန်းတက်‌ရောက်ပြီး ၂ လတွင် ငွေကျပ် ၂၀ သိန်း

တတိယအရစ် : ဒုတိယ အရစ် ပေးသွင်းပြီး ၂ လတွင် ငွေကျပ် ၂၀ သိန်း