ACE with Success

သင်ရိုးညွှန်းတမ်း

Grade 8 ,9 ,10 တက်ရောက်နေသော ဂျူနီယာတန်း ကျောင်းသား ကျောင်းသူများအတွက် ပညာရေးနှင့် ကောလိပ်ဝင်ခွင့် လုပ်ငန်းစဉ် ကြိုတင်ပြင်ဆင်မှုတွင် အခက်အခဲမရှိ ပြီးပြည့်စုံစေမည့် ပက်ကေ့ချ်( ACE with Success Program )

ACE with Success Program သည် ကျောင်းသား၏ ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းရည် မြင့်မားလာစေရန်နှင့် အတန်းတွင်း ပညာရေးတွင် အဆင့်ကောင်း ရရှိစေဖို့ ရည်ရွယ်ပါသည် ။ Program မှာ အဓိက အနေနဲ့ သင်ကြားပေးမယ့် ခေါင်းစဉ်တွေကတော့ ကျောင်းပညာရေးတွင် အမှတ်ကောင်းရရှိစေဖို့ ကူညီလုပ်ဆောင်ပေးခြင်း  ၊ ကောလိပ်လျှောက်ထားဖို့ ကြိုတင်ပြင်ဆင်ခြင်းနှင့် သင်ရိုးပြင်ပလှုပ်ရှားမှုများ ဖန်တီးခြင်းတို့ ပါဝင်ပါတယ် ။

သင်ကြားပေးမည့်အကြောင်းအရာများ

၁။ ကျောင်းသား၏ ပညာရေးမှတ်တမ်းကို ကြည့်၍ နိုင်ငံတကာမှ လက်ခံထားတဲ့ သင်ရိုးကို အကြံပေးခြင်း။

( GED , A Level , IB အစရှိသည့် သင်ရိုးများ )

၂။ ကောလိပ်ပညာရေးအတွက် အထောက်အကူဖြစ်စေမယ့် ဘာသာရပ်ရွေးချယ်ပေးခြင်း။

၃။ကျောင်းတွင် တက်ရောက်နေသော အတန်း၌ GPA များ တိုးတက်လာစေရန် လမ်းညွှန်ကူညီပေးခြင်း။

၄။ ကိုယ်ပိုင် ဖန်တီးနိုင်မှု စွမ်းရည် ပိုမြင့်လာစေရန် တွေးခေါ်မှုဆိုင်ရာလမ်း‌များကြောင်း ကို လေ့လာစေခြင်း။

၅။ ကောလိပ်တန်းဝင် စာတမ်းများ စတင်ရေးသားခြင်း။

၆။ လုပ်ငန်းခွင်ဝင်ရာမှာ အထောက်အပံ့ပေးနိုင်မယ့် ကောလိပ် ရွေးချယ်ခြင်း။

၇။ ကောလိပ်ဝင်ခွင့် Essay အတွက် စနစ်တကျ လေ့ကျင့်ရေးသားခြင်း။ 

၈။ အသက်မွေး ၀မ်းကြောင်းပညာရပ်အတွက် အကျိုးရှိစေမယ့် major ရွေးချယ်ခြင်း။

၉။ ငွေကြေး အထောက်အပံ့ရရှိနိုင်မယ့် နည်းလမ်းများကို ရှာဖွေခြင်း။

၁၀။ ကောလိပ်ဝင်ခွင့် အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ခြင်း။

၁၁။ သင်ရိုးပြင်ပ လှုပ်ရှားမှုများ ဖန်တီးခြင်း။

၁၂။ Success နှင့်အတူ ကောလိပ်ဝင်ခွင့်ပြင်ဆင်ပြီး ကျောင်းဝင်ခွင့် ရရှိသွားသော Senior ကျောင်းသားများနှင့် ချိတ်ဆက်၍ အလုပ်အကိုင် အခွင့်အလမ်းများရှာဖွေခြင်း။

သင်တန်းကာလ (12) လ တွင် တစ်လချင်းစီအလိုက် သင်ကြားပေးမည့် အ‌ကြောင်းအရာများ....

January, February, March

  • ကောလိပ်ဝင်ခွင့်လျှောက်လွှာ လမ်းညွှန်ပေးခြင်း။

  • ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူများထံမှ ထိပ်တန်းတက္ကသိုလ်များသို့ ၀င်ခွင့် ရရှိစေရန်နှင့်

    ထိပ်တန်း ကျောင်းသား တစ်ယောက်ဖြစ်လာစေရန် ကျောင်းသား၏ အရည်အချင်းပြည့်မီမှုကို စမ်းသပ် စစ်ဆေးခြင်း။

  • သင်ရိုးပြင်ပလှုပ်ရှားမှုများ ဖန်တီးခြင်းနှင့် အလုပ်သင် အခွင့်အလမ်းများ ရှာဖွေခြင်း။

April, May, June

  • မှန်ကန်သော တက္ကသိုလ်များကို ရှာဖွေလေ့လာခြင်း။

  • ကျောင်းသား၏ ကိုယ်ရည်ကိုယ်သွေး၊ အားသားချက်နှင့် ကိုယ်ပိုင်တန်ဖိုးများကို ရှာဖွေခြင်း။

  • စိတ်၀င်စားသော ဘာသာရပ်ကို သိရှိစေရန် ဘာသာရပ်တစ်ခုချင်းစီကို လေ့လာခြင်း။

  • အသက်မွေးဝမ်းကြောင်းလမ်းကြောင်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေလေ့လာခြင်း။

  • ကိုယ်ပိုင် ‌‌‌‌ဝေဖန်ပိုင်းခြား တွေးခေါ်မှုများ မြင့်မားလာစေရန် စတင် တွေးခေါ်စေခြင်း။

July, August, September

  • ပညာသင်ဆု ဆောင်းပါးများကို လေ့လာသုံးသပ်စေခြင်း။

  • ဗဟုသုတကြွယ်ဝစေရန် အသင်းအဖွဲ့နှင့် ပရောဂျက်များ လုပ်ဆောင်စေခြင်း။

  • ကောလိပ်အဆင့် သုတေသနအစီရင်ခံစာကို ရေးသားခြင်း။

  • ထိပ်တန်း တက္ကသိုလ်များ ကို ရှာဖွေခြင်း။

  • ကောလိပ်လျှောက်ထားရာတွင် အများကြားမှာ အားသာချက် ဖြစ်စေမယ့် သင်ရိုးပြင်ပလှုပ်ရှားမှုများနှင့်အလုပ်သင်များကို ဒုတိယအကြိမ် ရွေးချယ်ခြင်း။

October, November, December

  • ကောလိပ်ဝင်ခွင့် အင်တာဗျူး ကြိုတင် ပြင်ဆင်ခြင်း။

  • UK၊ US နှင့် Australian တက္ကသိုလ်များမှ သတ်မှတ်ထားတဲ့ ပညာသင်ဆုများကို အကဲဖြတ်ခြင်း။

  • ကောလိပ်ဝင်ခွင့် အက်ဆေးများကို ကျွမ်းကျင်စွာ တည်းဖြတ်ခြင်း။

  • နိုင်ငံခြားကောလိပ်များတွင် တက်‌ရောက်နေသော ကျောင်းသားများနှင့်တွေ့ဆုံ၍ ကောလိပ်ကျောင်းသားဘဝဖြတ်သန်းမှု အတွေ့အကြုံနှင့် ကျောင်း၏ ထုံးထမ်းစဥ်လာ ယဉ်ကျေးမှုအကြောင်း လေ့လာခြင်း။